တိုက်ပွဲကြားက စစ်ရှောင်ကလေးနဲ့ ငွေကြေးမပြည့်စုံတဲ့ ကလေးတွေကို ဦးစားပေး ပညာသင်ပေးနေ
အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၆) တိုက်ပွဲကြားက စစ်ရှောင်ကလေးငယ်တွေနဲ့ ငွေကြေး မပြည့်စုံတဲ့ ကလေးငယ်တွေကို ဦးစားပေးပြီး ပညာသင်ပေးနေတယ်လို့ လေးဝတီမျိုးသျှစ်လူငယ်ပညာရေးဖောင်ဒေးရှင်းက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။ အခုလို ပညာသင်ကြားပေးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ တိုက်ပွဲတွေကြားမှာ အသက်၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးလိုက်ရတဲ့ မိဘတွေရဲ့ ကလေးငယ်တွေနဲ့ငွေကြေး မပြည့်စုံတဲ့...
