ရက္ခိုင်တွင် ယာဉ်စည်းကမ်းချိုးဖောက်သူတွေကို ဒဏ်ကြေးဆောင်ရန် စတင်သတ်မှတ်
အာရက္ခတိုင်းမ်စ် (၁၀ ဧပြီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ယာဉ်စည်းကမ်းချိုးဖောက်သူတွေကို ဒဏ်ကြေးဆောင်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပို့ဆောင်ရေးဌာန၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက စတင် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ဒဏ်ကြေးသတ်မှတ်ချက်ကို ကနဦးအနေနဲ့ မြောက်ဦးခရိုင်တွင် စတင်မှာဖြစ်ပြီး ကျန်မြို့နယ်များတွင်လည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ “ အရင်တုန်းကတော့...
