ကျောက်တော်ရဲ့ လူနေထူထပ်သော နေရာများကို စကစ ဗုံး ၁၅လုံးနဲ့ တိုက်ခိုက်
အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၅) ဒီကနေ့ ဇန်နဝါရီလ ၁၁ရက်နေ့ မနက်ပိုင်းက ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ရဲ့ ရပ်ကွက်နဲ့ ဈေးအပါအဝင် လူနေထူထပ်တဲ့ နေရာတွေကို အဓိကဦးတည်ပြီး...
