အကျအဆုံးများနေတဲ့ သိုင်းချောင်းတိုက်ပွဲကို စကမက အင်အား ၄၀၀ ကျော် ထပ်ဖြည့်
အာရက္ခတိုင်းမ်စ် (၂၀ မတ် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် သိုင်းချောင်းနဲ့ မင်းပြင်အနီးကတိုက်ပွဲတွင် အကျအဆုံးများနေတဲ့အတွက် စစ်ကော်မရှင်က အင်အား ၄၀၀ ကျော် ထပ်မံဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။ “ ၁၆၊ ၁၇ မှာ စစ်တပ်က စစ်ကြောင်းထိုးတယ်။ တပ်တော်ဖက်က တန်ပြန်တိုက်စစ်ဆင်တော့ ပြန်ဆုတ်တယ်။ ပြန်ဆုတ်တာမှာ...
