စကမ ကို အရေးယူပေးရန်နဲ့ ပြည်သူများကို ကာကွယ်ပေးရန် KNU တောင်းဆို
အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၅) အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းအနေနဲ့ စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုများကို အရေးယူပေးရန်နဲ့ ပြည်သူများအပေါ် ထိရောက်တဲ့ အကာကွယ်ပေးမှုများကို အရေးပေါ်ဆောင်ရွက်ပေးရန် ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် (KNU) က တောင်းဆိုလိုက်ပါတယ်။ KNU အနေနဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အရေးပေါ်အခြေအနေများအပေါ် ဝမ်းနည်းကြေကွဲရပြီး
