အာဏာရှင်စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးပုံစံသစ်နှင့် အာရက္ခပြည်
အာဏာသိမ်းစစ်တပ်၏ မည်းပြာပုဆိုးဗျူဟာ ပြုပြင်ပြောင်းလဲရေး ဒီအဆင်၊ ဒီအကွက် မဲပြာပုဆိုး စစ်ရေးဗျူဟာများဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာခဲ့သော အာဏာသိမ်းစစ်တပ်သည် ၂၀၂၆ ခုနှစ် အစောပိုင်းမှစတင်ကာ ၎င်းတို့၏ အလုပ်မဖြစ်သော စစ်ရေးဗျူဟာများကို အပြောင်းအလဲတချို့ ပြုလုပ်လာခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ၁၀၂၇ စစ်ဆင်ရေးနှင့် နွေဦးတော်လှန်ရေး အစဦးကာလများ၌ အာဏာသိမ်းစစ်တပ်သည် ညီနောင်မဟာမိတ်သုံးဖွဲ့ထံတွင်...
