စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေလို့ AA နှစ်သစ်ဆုတောင်းပေး
အာရက္ခတိုင်းမ်စ် (၁၇ ဧပြီ ၂၀၂၆) စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ဒီနေ့မှာ နှစ်သစ်ဆုတောင်းပေးခဲ့ပါတယ်။ “ မြန်မာနိုင်ငံတဝန်းရှိ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများနဲ့တကွ အာရက္ခမိဘပြည်သူလူထုများအားလုံး နှစ်သစ်ကူးအခါသမယတွင် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းများနဲ့အတူ လိုအင်ဆန္ဒအဝဝ ပြည့်ဝနိုင်ပါစေကြောင်း စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်း မိမိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ...
