ပုသိမ်တွင် အန္တရာယ်ကင်း ပဌာန်းရွတ်ရန် စာထုတ်တိုက်တွန်း
(သတင်းတို) အာရက္ခတိုင်းမ်စ် (၂၆ ဇန်နဝါရီ ၂၀၂၅) ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အန္တရာယ်ကင်းစေရန်အတွက် ပဌာန်းရွတ်ဖတ်ပူဇော်ရန် အုပ်ချုပ်ရေးမှူးရုံးကနေ စာထုတ်ပြီး တိုက်တွန်းနေတယ်လို့ ပုသိမ်မြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “နိဂြောဓာရဟန္တာပင့်ဆောင်ပူဇော်ရေးအတွက် မဏ္ဍပ်တွေ ၂၂ ခု ထိုးထားတယ်။ အဲဒီ မဏ္ဍပ်တွေမှာ ပဌာန်းကို မဖြစ်မနေ ရွတ်ခိုင်းပြီးတော့...
