Category : News

HealthNewsPolitic

စစ်တွေက စစ်ရှောင်ပြည်သူ ၅၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန အခမဲ့ ဆေးကုသပေးနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၆)  ရက္ခိုင်ပြည်၊ စစ်တွေခရိုင်အတွင်းက စစ်ရှောင်များ အပါအဝင် ဒေသခံပြည်သူ ၅၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နယ်လှည့်ပြီး အခမဲ့ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ စစ်တွေခရိုင်အတွင်းက ရွာပေါင်း (၁၄) ရွာမှ ဒေသခံနဲ့ စစ်ရှောင်ပြည်သူ စုစုပေါင်း ၄၆၅ ဦးကို လိုအပ်နေတဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ နေရာတွေကတော့ စစ်တွေမြို့နယ် ပါဒလိတ်၊ ကျောက်တန်းကြီး၊ အမြင့်ကျွန်းစတဲ့ နေရာတွေက စစ်ရှောင်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတချို့ ပါဝင်တယ်လို့ သိရပါတယ်။ တွေ့ရှိရတဲ့ ရောဂါများမှာ အရေပြားရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အထွေထွေရောဂါ စတာတွေ အဖြစ်များတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။ အလားတူ ရက္ခိုင်ပြည် တောင်ကုတ်ခရိုင်အတွင်ရှိ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်က စတင်ကာ နယ်လှည့်ကွင်းဆင်းပြီး အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။ Photo – Arakan Princess Media...
NewsPolitic

ယိုးငူဖြစ်စဉ်မှာ ထိခိုက်ခဲ့သူတွေ စားဝတ်နေရေး အခက်ကြုံနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ထိခိုက်ခဲ့သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အသက် ၇ နှစ်အရွယ်ကနေ အသက် ၆၀ အရွယ်ရှိ ကျား/မ စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ “ ယိုးငူဖြစ်စဉ်မှာတော့ ကျနော်တို့ အသင်းကတော့ ဖြစ်တာနဲ့ ချက်ချင်း ၁၀ မိနစ်အကွာလောက်မှာ အရေးပေါ်လူနာတွေ ကယ်ထုတ်တာ ရှိတယ်။ နောက်ပြီးတော့မှ အရေးပေါ်လူနာတွေရဲ့ လိုအပ်ချက်ပေါ့။ သွေးလိုတဲ့လူတွေကို သွေးအရေးပေါ်ရှာပေးတာတွေ လုပ်ပေးတယ်။ ကျနော်တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးရဲ့ ကားနဲ့ ကျနော်တို့အသင်းကနေပြီး ဒီအဖွဲ့ဝင်တွေနဲ့ ဆေးရုံဆေးခန်းရှိတဲ့ နေရာတွေကို ဆက်တိုက် တဆက်တည်း လုပ်ပေးခဲ့တယ်။ လက်ရှိကတော့ ကျန်တဲ့ ဒဏ်ရာရတဲ့ မိသားစုတွေကတော့ အဓိက စားဝတ်နေရေး ဒီဥစ္စာတော့ အခက်အခဲ ရှိတယ်ဗျ။ ထိခိုက် နစ်နာသွားတဲ့လူတွေအတွက် ရခိုင်မျိးချစ်လူငယ်အသင်းကတော့ တတ်နိုင်သလောက် ထောက်ပံ့ ကူညီသွားဖို့ ကြိုးစားပြီး လုပ်နေတာ ရှိတယ်ဗျ”  လို့ အဆိုပါ ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူကအာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒါ့အပြင် ယိုးငူရွာကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆ နှစ် အရွယ် ကနေ အသက် ၇၀ အရွယ်ရှိ အပြစ်မဲ့ပြည်သူ ကျား/မ စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ကနဦး ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သေဆုံးသူ ၁၈ ဦးအထိ ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။...
BusinessNewsPolitic

တရားမဝင် အရက်၊ ဘီယာများကို DLEPS ဖမ်းဆီး

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မြေပုံမြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များပ တရားမဝင် အရက်၊ ဘီယာများကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီလပ် (DLEPS) အနေနဲ့ ပြည်ပက အရက်၊ ဘီယာ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို လိုက်လံ ရှာဖွေ စစ်ဆေး ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။ ရက္ခိုင်ပြည် မြေပုံမြို့၊ သဲတန်းရပ်ကွက်တွင် ANDAMAN အရှည် ၂၄ ဖာ၊ Grand Sherry Cask ၂၁ ဖာနဲ့ ၇ လုံးကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလပ် (DLEPS) က သိမ်းဆည်းရရှိထားတဲ့ ပြင်ပ အရက်၊ ဘီယာတွေကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းပြီးတော့ တရားမဝင် ရောင်းချနေတဲ့ သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ရက္ခိုင်ပြည်မှာမှာ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ဖို့နဲ့ တင်သွင်းထားပြီးဖြစ်တဲ့ ပြင်ပက အရက်၊ ဘီယာ၊ ဝိုင် နဲ့ ယစ်မျိုးကုန်တွေကိုလည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကနေ (၃) လအတွင်း ကုန်အောင် အပြီးသတ်ရောင်းချကြဖို့ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က သတိပေး နှိုးဆော်ခဲ့ပါတယ်။ အလားတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်တွေက တရားမဝင် ပြင်ပက အရက်၊ ဘီယာတွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးခဲ့ပါတယ်။...
NewsPolitic

သစ္စာဖောက်တယောက်ပေါ်ရုံနဲ့ တော်လှန်ရေး ဘာမှမဖြစ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၆) စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အခင်းအကျင်းမှာ သစ္စာဖောက်တယောက်ပေါ်ရုံနဲ့ ဘာမှမဖြစ်သွားဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ လက်ရှိကာလမှာ ပွင့်လင်းရာသီဖြစ်တဲ့အလျောက် KIA ရဲ့ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်လို့ ပြောဆိုခဲ့တဲ့အတွက် တိုက်ပွဲတွေ...
NewsPolitic

ကျောက်ဖြူတွင် ချင်းလူငယ်တွေနဲ့ ခရိုင်ပါတီကော်မတီတို့ တွေ့ဆုံ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူုမြို့နယ်တွင် ချင်းလူငယ်တွေနဲ့ ခရိုင်ပါတီကော်မတီတို့ ဖေဖော်ဝါရီလ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ကျောက်ဖြူခရိုင်အတွင်းရှိ ချင်းလူငယ်ခေါင်းဆောင်များ၊ ချင်းဒေသခံများ တက်ရောက်ခဲ့ပြီး ကျောက်ဖြူခရိုင်ပါတီအတွင်းရေးမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကျောက်ဖြူခရိုင်ပါတီအတွင်းရေးမှူးက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံချင်းလူငယ်များကလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ မူဝါဒများနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ မေးမြန်းမှုများကို ခရိုင်ပါတီအတွင်းရေးမှူးက ပြန်လည်ဖြေကြားပြီး အနာဂတ်တိုင်ပြည်တည်ဆောက်ရေးမှာ ချင်းလူငယ်တွေလည်း လက်တွဲ ပါဝင်သင့်တယ်လို့ ဆိုပါတယ်။ ချင်းအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခွင့် ရရှိတဲ့အပေါ် ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌက အထူးကျေးဇူးတင်ပါကြောင်း အလေးအနက် ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ Ref & Photo – GEM...
NewsPolitic

ကျောက်ဖြူ သိုင်းချောင်းဆည်အနီးတွက် စကမ စစ်ကြောင်းတပ်ပျက်၊ သေဆုံးသူများပြား

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် သိုင်းချောင်းဆည်အနီးတွင် စစ်ကြောင်းထုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက်ပြီး သေဆုံးသူ များပြားနေတယ်လို့ သိရပါတယ်။ “ ကျနော်တို့လည်း အခုမှသိရတာ၊ ရေတပ်ချုပ်နဲ့ ၃၂ ရဲတပ်ကနေ စစ်ကြောင်းထိုးလာတာကို တပ်တော်က ကြားဖြတ်တိုက်တာ၊ ဖြစ်တာက ၂၃ ရက်ကတည်းက အခုက ကျောက်ဖြူမြို့ထဲကို မသေပဲ ပြန်ရောက်လာတဲ့ စစ်သားတွေဆီကတဆင့် သိရပါ။ ၇၀ လောက် သေတယ်ကြားတယ်”  လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ကျောက်ဖြူမြို့နယ်က သူဆုံးရှုံးထားတဲ့နေရာတွေကို ပြန်လည်ရရှိဖို့အတွက် ပြည်သူ့စစ် စစ်မှုထမ်းအင်အား အများအပြားကို အသုံးပြုပြီး နေရာ ၄ နေရာကို စစ်ကြောင်းထိုးနေတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ အဓိက စခန်းကြီးဖြစ်တဲ့ ‎ဓညဝတီရေတပ်ဌာနချုပ်ကနေ ဦးကင်း၊ စိုင်ခြုံနဲ့ သိုင်းချောင်းစတဲ့ နေရာတွေကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။ “ ပစ (ပြည်သူ့စစ်) တွေကို ဦးစီးဖို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကျန်ခဲ့သူတွေကို လွှတ်ထားတယ်။ ပစ (ပြည်သူ့စစ်) တွေလည်း ထွက်ပြေးတာတွေများနေလို့ ထပ်ထပ်ပို့ပေးနေတာတွေ တွေ့နေရတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်လက် ပြောပါတယ်။ စစ်ကော်မရှင်ဟာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်ကို ခုခံရန်အတွက် တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ၇ ရင်း အသုံးပြု ခုခံနေတာလည်း ဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဘက်ဟာ လေကြောင်း၊ ရေကြောင်းကို အဓိကအသုံးပြုပြီး အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကို နေ့စဥ်ရက်ဆက် ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။...
NewsPolitic

ပလက်ဝက မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို HDCO အရေးပေါ် ပစ္စည်း ထောက်ပံ့

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၆ ဖေဖော်ဝါရီ ၂၀၂၆) ပလက်ဝခရိုင်၊ ပလက်ဝမြို့နယ် တွီကင်းဝကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အဆိုပါ မိသားစုတွေကို HDCO က အရေးပေါ်ပစ္စည်းများ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အနေနဲ့ မီးလောင်ပျက်စီးသွားတဲ့ မိသားစုဝင်တွေကို အရေးပေါ်ပစ္စည်း (၁၆) မျိုး ထောက်ပံ့ကူညီခဲ့တာလည်း ဖြစ်ပါတယ်။ HDCO က ထောက်ပံ့ကူညီခဲ့တဲ့ အရေးပေါ်ပစ္စည်း (၁၆) မျိုးကတော့ မီးဖိုချောင်သုံး ပစ္ည်းများ၊ သွပ်အိုး၊ ဆပ်ပြာခွက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ကိုယ်တိုက်ဆပ်ပြာ၊ ရွှေဝါဆပ်ပြာ၊ ဓာတ်ဘူး၊ ခေါင်းဘီး၊ မှန်၊ ခြင်ထောင်၊ ပန်းကန်ပြား၊ အရေးပေါ်သုံးဆေးဝါးများ၊ အိမ်ဆောက်ပစ္စည်း၊ ဓား နဲ့ တာပေါ်လင် စတာတွေဖြစ်တယ်လို့လည်း သိရပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းတွင် တွီကင်းဝရွာနေ အသက် (၇၉) နှစ်အရွယ် ဦးကျော်သာဦး ရေနွေးတည်ရာကနေ ဝါးထရံကို မီးကူးစက်ပြီး လူနေအိမ် ၁၀ လုံး လောင်းကျွမ်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ မီးလောင်မှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ မီးသတ်ဌာနနဲ့ ရွာသူ ရွာသားများ ဝိုင်းဝန်းကူညီ ငြိမ်းသတ်မှုကြောင့် ညနေ ၅ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူ ဦးကျော်သာဦးကို တရားဥပဒေစိုးမိုးရီးနဲ့ ပြည်သူ့လုံခြုံရီးဌာန (DLEPS) က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။...
NewsPolitic

ရက္ခိုင်အရေး လက်ထဲမှာ ဖဲချပ်များတာက တရုတ်ပဲ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်အရေးနဲ့ ပတ်သက်ပြီး အခြားသော နိုင်ငံတွေထက် တရုတ်နိုင်ငံလက်ထဲမှာ ဖဲချပ်တွေ များတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ရက္ခိုင်ပြည်က စစ်တပ်နဲ့ အာရက္ခတပ်တော် (AA)...
NewsPolitic

ယိုးငူရွာ ထိခိုက် သေဆုံးသူတွေအတွက် ၉၉ သိန်း လှူဒါန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာက ထိခိုက် သေဆုံးခဲ့သူတွေအတွက် ၉၉ သိန်း လှူဒါန်းခဲ့တယ်လို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ ၆ မိနစ်မှာ စစ်ကော်မရှင်က လေကြောင်းကနေ ဂျက်ဖိုက်တာတစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  အသက် ၆ နှစ် အရွယ် ကနေ အသက် ၇၀ အရွယ်ရှိ အပြစ်မဲ့ပြည်သူ ကျား/မ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အသက် ၇ နှစ် အရွယ်ကနေ အသက် ၆၀ အရွယ်ရှိ ကျား/မ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။ “ဒီနေ့ဆိုရင် အမျိုးသမီးကြီး ၁ ဦး ထပ်မံသေဆုံးတဲ့အတွက် သေဆုံးသူ ၁၈ ဦးထိ ရှိလာပြီး ဒဏ်ရာရသူ ၁၄ ဦး ရှိပါတယ်။ အိမ်က ၁၃ ဆောင် လုံးဝပျက်စီးပါတယ်။ လတ်တလောက အလှူငွေပဲ လှူခဲ့ရပါသေးတယ်” လို့ စာရေးဆရာဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ သေဆုံး၊ ဒဏ်ရာရသူ ၃၃ ဦး အတွက် ၁ ဦးကို  ၃ သိန်းနှုန်းနဲ့ အလှူငွေ ၉၉ သိန်းကို လှူဒါန်းခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပက စေတနာရှင်တွေရဲ့ အလှူငွေကို တဆင့် ပြန်လှူဒါန်းတာဖြစ်ပြီး၊ လှူဒါန်းပေးတဲ့ စေတနာရှင်တွေကို ကျေးဇူးတင်ရှိပါတယ်လို့လည်း သူက ဆိုပါတယ်။...
NewsPolitic

မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်ဒေသတွင် နေထိုင်ကြတဲ့ မြိုလူမျိုးတွေဟာ လုံခြုံရေးကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့လာကြပြီး အဆိုပါ ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ခရိုင်ပါတီကော်မတီကဦးဆောင်ပြီး ဆန်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ရက္ခိုင် ဘင်္ဂလားနယ်စပ် ဒုံးညိုရွာမှာ မြိုလူမျိုးတွေဟာ သစ်တုံးနားခွဆုံ၊ ခုန်တိုင်၊ ဘောင်း၊ လေးမြိုကေဒီ၊ သုပဏ္ဏက၊ နန်းရာကိုင်း စတဲ့ ကျေးရွာတွေမှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။ “ အစွန်းရောက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှာကို ကြောက်လို့ ပြောင်းလာကြတာ။ အားလုံးပေါင်း လူ ၇၀၀ လောက်ရှိတယ်”  လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ပါတီတာဝန်ရှိသူများ၊ DLEPS၊ HDCO  ၊ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ဆန်ရိက္ခာများ၊ ခြင်ထောင်များ ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပါ ပေးခဲ့တယ်လို့ သိရပါတယ်။ မောင်တောမြို့နယ် မြောက်ပိုင်း ဒုံးညိုရွာကနေ မြိုလူမျိုး အိမ်ထောင်စု ၇၀ခန့် (ကျား/မ ၆၇၅ယောက်) ပြောင်းရွှေ့လာကြပြီး သစ်တုံးနားခွဆုံရွာတွင် အိမ်ထောင်စု ၃၁ စု၊ ဘောင်းရွာတွင် အိမ်ထောင်စု ၆ စု၊ လေးမြို့ကေဒီတွင် အိမ်ထောင်စု ၁ စု၊ သုပဏ္ဏကရွာတွင် အိမ်ထောင်စု ၂၅ စု၊ ရွှေတိုင်ရွာတွင် အိမ်ထောင်စု ၁၁ စု အသီးသီး နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။...