ရက္ခိုင်ကို ၂၀၂၇ ခုနှစ်လောက်မှ ဗဟိုအစိုးရက ကိုင်တွယ်နိုင်
အာရက္ခတိုင်းမ်စ် (၂၄ မတ် ၂၀၂၆) ရက္ခိုင်ပြည်အခင်းအကျင်းဟာ စကော်မရှင်ရဲ့ အစိုးရသစ် တက်မလာခင်နဲ့ တက်လာပြီးချိန်အထိ ဘာမှမလုပ်သေးဘဲ ၂၀၂၇ ခုနှစ်လောက်မှသာ ဗဟိုအစိုးရက ကိုင်တွယ်မယ်လို့ ယူဆကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “အစိုးရသစ်မတက်လာခင်ရော၊ တက်ပြီးရော ဘာမှမလုပ်သေးပါဘူး။...
