အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၈)
“အန္တရာယ် ဓားသွားပေါ် ပါးနပ်စွာ လျှောက်လှမ်းရသည့် ယူဂျီတပ်သား” ဌေးဝင်း **** မဆလ စစ်တပ်က ဖြတ်လေးဖြတ်နဲ့ ငါတို့ကို ထိုးစစ်ဆင်ပြီးနောက် ငါဟာ စစ်တွေမှာဘဲ မြေအာက်လုပ်ငန်းတွေမှာ ပါဝင် လှုပ်ရှားနေခဲ့တယ်။ ငါဟာ အစ်ကို ဗိုလ်ကြီးမောင်ထွန်းအောင် ဦးဆောင်ပြီး ပေးအပ်တဲ့ တာဝန်ကို ဆက်လက် ဆောင်ရွက်နေခဲ့တယ်။...
