စစ်တွေ ပွိုင့်ကမ်းခြေကို ၃ ရက် ပြန်ဖွင့်ပေးမယ်
အာရက္ခတိုင်းမ်စ် (၁၇ ဧပြီ ၂၀၂၆) ရက္ခိုင်ပြည်မှာ တကျော့ပြန်တိုက်ပွဲအတွင်း လုံခြုံရေးအကြောင်းပြပြီး ပိတ်ထားတဲ့ စစ်တွေမြို့က ပွိုင့်ကမ်းခြေကို ဧပြီလ ၁၇ ရက်ကနေ ၁၉ ရက်အထိ ၃ ရက်တာ ဖွင့်လှစ်ပေးသွားမယ်လို့ စစ်တွေမြို့ခံတွေထံက သိရပါတယ်။ ရက္ခိုင်ဓလေ့ဖြစ်တဲ့ နှစ်ဆန်းတရက်နေ့မှာ ကျရောက်တဲ့ သင်္ကြန်နောက်ဆုံးရက်နဲ့ ပိတ်ရက်တွေမှာ...
