စကမရဲ့ လုပ်ရပ်တွေကို အာရက္ခပြည်လုံးဆိုင်ရာ ပရဟိတအသင်းများကွန်ရက်အပါအဝင် ပရဟိတအသင်းအဖွဲ့ ၃၀ ကျော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
အာရက္ခတိုင်းမ်စ် (၃၀ အောက်တိုဘာ ၂၀၂၅) စစ်ကော်မရှင်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ အာရက္ခပြည်လုံးဆိုင်ရာပရဟိတအသင်းများကွန်ရက် အပါအဝင်ပြည်တွင်း၊ ပြည်ပရှိ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်း ၃၀ ဖွဲ့ က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်က လူသားချင်းစာနာမှုမဲ့တဲ့ လုပ်ရပ်တွေကို ဆက်လက် ပြုလုပ်လျှက်ရှိနေပြီး သာသနိကအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေ၊
