အာရက္ခတိုင်းမ်စ် (၁၅ မေလ ၂၀၂၅ ခုနှစ်)
အာရက္ခတပ်တော်ရဲ့ လက်ထဲမှာ ကျောက်ဖြူမြို့ရှိနေပါက တရုတ်နဲ့ အပေးအယူ လုပ်ကိုလုပ်ရမှာပဲ ဖြစ်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် (AA) ရဲ့ လက်ထဲကို ရောက်ရှိနေကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AWO) က ဧပြီလ ၂၁ ရက်နေ့က ထုတ်ဝေတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်အနေနဲ့ ကိုးကန့်တပ်ဖွဲ့လိုမျိုး ပြောနိုင်ချင်မှ ပြောနိုင်မှာဖြစ်သော်လည်း တရုတ်ဘက်မှာ နိုင်တဲ့အချက်တွေ အများကြီးရှိတယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“အဲဒီအပိုင်းတွေကြတော့ MNDAA လို စီးစီးပိုင်ပိုင် ပြောနိုင်သလောက် ပြောချင်မှ ပြောလို့ရမှာပေါ့။ ဒါပေမယ့် ဥပမာ AA ဆိုပါတော့ ကျောက်ဖြူက AA လက်ထဲမှာရှိတယ်ဆိုရင်လည်း AA ဟာ တရုတ်နဲ့ တစ်စုံတစ်ရာ အပေးအယူလုပ်ရမှာပဲ။ မတတ်နိုင်ဘူး ဒါကတော့။ တရုတ်မှာ အချိန်ရှိတယ်။ သူဖြေးဖြေးချင်း လုပ်မှာပဲ မပူနဲ့။ သူ့မှာ တခြားနည်းလမ်းတွေလည်း ရှိတယ်လေ။ အခု MNDAA က ဘယ်လောက်ပဲငြင်းငြင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်လိုက်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ တရုတ်မှာက နိုင်ဖဲတွေက အများကြီး။ အဲဒီတော့ သူ့နည်းသူ့ဟန်ကို သူက တဖြေးဖြေး တဖြေးဖြေးနဲ့ လုပ်မှာ” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ကျောက်ဖြူမြို့နယ်ကို ၂၀၂၄ အစောပိုင်းမှာ ဝင်ရောက်လာပြီးနောက် ကျေးရွာအုပ်စုပေါင်း ၅၄ ခုအနက် ၅၀ ကို ထိန်းချုပ်ထားသလို မြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ဖို့ စစ်ရေးအင်အား အပြည့်ရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တရုတ်ရဲ့ အဓိကရည်မှန်းချက်ဟာ မြန်မာနိုင်ငံ အေးချမ်းတည်ငြိမ်ဖို့အပြင် သူလုပ်နေတဲ့ ပိုးလမ်းမစီမံကိန်းကို အောင်မြင်ဖို့ ဖြစ်ကြောင်း၊ အဲဒီစီမံကိန်းအောင်မြင်ဖို့က မြန်မာနိုင်ငံဘက်အခြမ်းရှိ လမ်းကြောင်းပဲ ကျန်တော့တာကြောင့်၊ အဲဒီလမ်းကြောင်းမှာ ကျောက်ဖြူမှ ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ဖြစ်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“သူ့ရဲ့ အဓိက ရည်မှန်းချက်က ဗမာပြည်ကြီး အေးချမ်းဖို့၊ တည်ငြိမ်ဖို့၊ နောက် သူလုပ်နေတဲ့ ပိုးလမ်းမစီမံကိန်း အောင်မြင်ဖို့။ အဲဒီတော့ ပိုးလမ်းမစီမံကိန်းက သူ့မှာအရှေ့ဘက်ဟာတွေ ရှိတယ်။ အရှေ့ဘက်ကဆို ဗီယက်နမ်တို့ ဘာတို့ သွားတာ။ အလယ်လမ်းကဆို တရုတ်ပြည်ကနေ လာအိုတို့ ထိုင်းတို့ သွားတာ။ အနောက်လမ်းကဆိုရင် ကျမတို့နိုင်ငံနဲ့ ဆက်ပြီး သူက ဘင်္ဂလားပင်လယ်အော်ကို ထုတ်တာ။ အဲဒီလမ်း ၃ လမ်းမှာ ပထမလမ်းနဲ့ ဒုတိယလမ်းက တော်တော် အခြေအနေကောင်းနေပြီ။ ကျမတို့လမ်းပဲ ကျန်တာလေ။ ကျောက်ဖြူကို ထုတ်တဲ့လမ်းပဲ ကျန်တာ။ အဲဒီလမ်းကို အောင်မြင်အောင်အတွက် သူတဖြေးဖြေး တိုးလုပ်မှာပဲ။ တရုတ်ရဲ့ခြေလှမ်းက ဒီလိုပဲ သူတဖြေးဖြေး တိုးလုပ်လာမှာပဲ။ သူ့ဟာသူလည်း သူ့လမ်းနဲ့သူ လုပ်ပေါ့။ ကျမတို့ ပြည်သူတွေကလည်း ကိုယ့်လမ်းနဲ့ကိုယ် သွားစရာရှိတာ သွားရမှာပါပဲ” လို့ သူက ပြောပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သူကိုယ်တိုင် အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI) နဲ့ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) ကို မြန်မာနိုင်ငံမှာလည်း အကောင်အထည်ဖော်ဆောင်ပြီး နှစ်နိုင်ငံပြည်သူတွေအတွက် ပိုများတဲ့ အကျိုးစီးပွားတွေကို ဆောင်ကြဉ်းသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းလမ်းကြောင်းကိုလည်း အရည်အသွေးမြင့် အတူတည်ဆောက်သွားမယ်လို့လည်း ပြောခဲ့တာပါ။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်းနဲ့ စီမံကိန်းတွေကိုလည်း လက်တွေ့ကျစွာ အာမခံပေးဖို့ စစ်ခေါင်းဆောင်ကို ပြောခဲ့ပါသေးတယ်။

3 comments
one x bet [url=https://1xbet-giris-27.com/]1xbet-giris-27.com[/url] .
Модернизация кровли в Минске с установкой солнечных панелей. Мы интегрируем фотоэлектрические модули в покрытие. Обеспечиваем герметичность проходов кабелей. Рассчитываем уклон для максимальной инсоляции. Монтируем инверторы и системы крепления. Помогаем получить энергопаспорт. Снижаем счета за электроэнергию. Работаем с любыми типами крыш. Сделайте вашу кровлю активной и приносящей пользу. Получите консультацию по солнечной энергетике вместе с кровельными работами.Кровля Минск
Монтаж сайдинга Минск – защита фасада от влаги и перепадов температур. Наши специалисты правильно рассчитывают зазоры для расширения панелей, что предотвращает коробление. Работаем аккуратно, не повреждая водосточную систему. Оставляем объект идеально чистым. Звоните для консультации и записи на замер! Обшивка дома сайдингом цена Минск