■ အမေရိကန်နဲ့ တရုတ် ပြိုင်ဆိုင်မှုကို စစ်မခင်းဘဲ ထိန်းကျောင်းနိုင်မယ့် နည်းလမ်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဘေကျင်းခရီးစဉ်ဟာ အမေရိကန်နဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုကြောင့် ဖြစ်နေတဲ့ တင်းမာမှုတွေကို အနည်းအကျဉ်း လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဓိကအချက်တခုကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အဲဒါက ဒီပြိုင်ပွဲက ဘယ်သူမှ ရုန်းမထွက်နိုင်သလို ဘယ်သူမှလည်း အပြတ်အသတ် နိုင်စရာ မရှိဘူး ဆိုတဲ့အချက်ပါ။ ထရမ့်နဲ့ တရုတ်ခေါင်းဆောင်...
