“လမ်းပေါ်မှာ လမ်းပျောက်နေတဲ့ နေ့ရက်များ”
အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၃) ဌေးဝင်း စာမေးပွဲဖြေပြီးနောက် မောင်တောကို သွားပြီး ဆွေမျိုးတွေဆီမှာ လျှောက်လည်နေတယ်။ အဲဒီအချိန်က မောင်တောဘင်္ဂလာဒ်ေရှ်နယ်စပ် ဆန်မှောင်ခိုလုပ်ငန်း သိပ် ခေတ်စားတဲ့ အချိန်ပေါ့။ ငါ့ရဲ့ဦးလေးတွေ ဆွေမျိုးတွေဟာ မောင်တောကနေ ဘင်္ဂလားဒေ့ရှ်က တတ်ကနား (ကယုချောင်း) ကို ဆန်မှောင်ခိုပို့တဲ့ လှေကြီးတွေ ရှိတယ်။...
