ကျောက်ဖြူမှာ ပိတ်မိနေတဲ့ ခရီးသည်တွေ ထွက်ခွင့်မရ
အာရက္ခတိုင်းမ်စ် (၁၀ နိုဝင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလကတည်းက ပိတ်မိနေတဲ့ ခရီးသည်တွေဟာ အခုအချိန်အထိ ကျောက်ဖြူမြို့ပြင်ပကို ထွက်ခွာခွင့် မရကြသေးဘူးလို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အဲဒီပိတ်မိနေသူတွေဟာ နယ်မှ ဒေသခံတွေက ကျောက်ဖြူမြို့ကနေတဆင့် ပြည်ပနိုင်ငံကို အလုပ်သွား လုပ်လိုသူတွေ...
