ရေနစ်မြုပ်လို့ ပျက်စီးသွားတဲ့ မြောက်ဦးက လယ်သမားတွေကို AA မျိုးစပါးထောက်ပံ့
အာရက္ခတိုင်းမ်စ် (၆ သြဂုတ် ၂၀၂၅) ရက္ခိုင်ပြည်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေနစ်မြုပ် ပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ်က လယ်သမားတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါးထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ “ ခုလောလောဆယ် မျိုးစပါး တောင်း ၂၅၀ ကို စပြီး ထောက်ပံ့ပေးပါတယ်။ အခြား ပျက်စီးသွားတဲ့ လယ်သမားတွေကိုလည်း
